Sunday, April 26, 2015

IPHONE

Iphone second hand များဝယ်ယူမည်ဆိုလျင်စစ်ဆေးရမည့် အချက်များ ၁ phone ရဲ့ body ပိုင်းကို အရင် စစ်ဆေးပါ အပွန်း အစင်း အနာအဆာ body ဖြောင့်တန်းနေသလား ကွေးနေသလား အနာပါလျင်လည်း လွတ်ကျထားတာလား cover တပ်ထားလို့လား Power key / Volume key / vibrate key / စသည့် key များ ကိုစစ်ဆေးပါ ၂ sensor တွေ စစ်ဆေးရပါမယ် နား sensor အလုပ် လုပ်မလုပ် finger print sensor အလုပ် လုပ်မလုပ် (5s and later) ၃ charger ပေါက် အားသွင်း လျင် ဝင်မဝင် computer နဲ့ ချိတ်ဆက်ပြီတော့ detect သိမသိစစ်ရပါမယ် Earpod အပေါက် အလုပ် လုပ်မလုပ် နားကြပ်ထိုးပြီးစစ်ပါ ၄ camera ပိုင်း စစ်ဆေးပါ camra သီး တည့်မတည့် Resolution ကြည်မကြည် flash မီးလင်းမလင်း စစ်ဆေးပါ ၅ ပစ္စည်း မှန် မမှန် or body မှန် မမှန်စစ်ဆေးပါ setting >general > About ထဲက imei နဲ့ body နောက်ကျောဘက်မှာ ပါတဲ့ imei နဲ့ box မှာ ပါတဲ့ imei များ ထပ်တူဖြစ်နေရပါမည် ၆ lcd ကောင်း မကောင်း ကြွမကြွ စစ်ဆေးပါ lcd မှာ အစစ်ပျောက်များ စစ်ဆေးပါ lcd ကို အနည်းငယ်ဖိ၍ flim ပြာနှင့် ကပ်မကပ်စစ်ဆေးပါ screen rotation ရမရ စစ်ဆေးပါ brightness အလင်းအမှောင်းစသည့်များ စစ်ဆေးပါ ၇ touch ကောင်းမကောင်းစစ်ဆေးပါ app တစ်ခုကိုဖိလျပ် touch screen ရဲ့နေရာတိုင်း ကို ပွတ် ဆွဲပါ touch မကောင်းတဲ့နေရာဆို အဲဒီ app က ဆက်၍ ဆွဲလို့မရဘဲ နေခဲ့ပါလိမ့်မယ် ၈ network ပိုင်းတွေစစ်ဆေးပါ wifi bluetooth cellular data 3g 2g gps location service Compass အလုပ် လုပ်မလုပ် စသည့် စနစ်များ ၉ mic / ring speaker / နား speaker စသည့် အသံပိုင်းဆိုင် ရာ အချက်အလက်များ စစ်ဆေးပါ ၁၀ icloud ရှိမရှိစစ်ဆေးပါ www.icloud.com/activation မှာ imei ရိုက်ပြီးစစ်ဆေးပါ ( icloud စစ်နည်းကတော့ အမျိုးမျိုးရှိပါတယ် ) ၁၁ ဘယ်နိုင်ငံ export လဲ သိချင်ရင်တော့ Setting > general > about ထဲက model ဆိုတာတွေအောင် ရှာပါ နောက်ဆုံးက letters သုံးလုံကိုကြည့်ပါ ZP/A . ZA/A LL/A စသည့်တို့သည့် export နိုင်ငံများကိုသတ်မှတ်ထားသည် letters များဖြစ်သည် ၁၂ battery အားစား မစား စစ်ပါ Battery % on ထားပြီ ဖုန်းကို 10 မိနစ်လောက်စောင်ပြီးကြည့် % ဘယ်လောက်လျော့သွားလည်းဆိုတာ မှတ်ချက်။ ။ စက်ပူမပူ စမ်းကြည့်ပါ။ Credit : Hla Lwin Oo

No comments:

Post a Comment